မီးပြင်းပြင်းတိုက်ခံရတဲ့
ရေနွေးခရားတစ်လုံးလို
စိတ်အာဟာရတွေကဆူဝေ
တစ်ကယ်တမ်းက
အဆုံးမသတ်စေချင်သလို
စလည်းမစချင်ခဲ့မိတာအမှန်……………..
သိခွင့်ရလိုက်ရတော့
နှောင်း ... ပြီ
သတိထားနေလျှက်က
ကြက်ခြေခတ်တို့သာများလာခဲ့
ပြန်ပြောစရာစကားလုံးတို့သေတယ်…………..
ဟေးးးးးး
မှောင်မှန်း သိသိနဲ့ ထပ်မှောင်နေရတာ ကိုက
အားလုံးထက် ပိုမှောင်တယ်
ကြိုးတွေသာ တစ်ချောင်းပြီးတစ်ချောင်း
“ထောင်း”ကနဲပြတ်သွား
အာရုံတွေရဲ့ရင့်ကြတ်မှုအားက
တက်ကုန် ရွက်ကုန် ကို ချို့တဲ့ခဲ့ .............
ရွာတော့ရွာလိုက်တယ်
မိုးပြေးဆိုတော့လည်း
နေပူကြီးထဲမှာပဲရွှဲစိုကျန်ရစ်
ဘယ်လိုအနေအထိုင်တွေပြောင်းပြောင်း
ဆူးဟာဆူးပါပဲ
စူးနစ်ဖို့သက်သက်ရယ်…………..။။။
အိုင်လွယ်ပန်
ဘဝ
4 months ago
8 comments:
မိုးပြေးဆိုတော့လည်း..
နေပူကြီးထဲမှာပဲရွှဲစိုကျန်ရစ်..
ဘာပဲဖြစ်ဖြစ်တွေ့ခွင့်ရလိုက်တာပဲလေ...
ဆူးဟာဆူးပါပဲ စူးနစ်ဖို့သက်သက်ရယ် ..ဂွတ်ဒ် ကောင်းပ
ဘဲလ်တီးသံတော့ ကဗျာထဲမှာ မပါလာဘူးနော် :P
အာရုံတွေရဲ့ရင့်ကြတ်မှုအားကချို့တဲ့ နေပြ်ီလား ကိုအိုင်ရ။
ရင်ထဲ တစ်ယောက်ယောက် ရောက်နေပြီ ဟုတ် ။:P
ကောင်းတယ်ကဗျာဆရာရေ ..
မစားကောင်းတဲ့အသီးရယ်သာဆိုတယ်
ရနံ့တွေကကြိုင်လို့လှိုင်လို့
ဆိုပဲ .. အဲဒါကိုတော်တော်ကြိုက်တယ်ဗျာ
သတိထားနေလျှက်က
ကြက်ခြေခတ်တို့သာများလာခဲ့
ပြန်ပြောစရာစကားလုံးတို့သေတယ်…………..။
ဒီစာသားကတော့ ကျွန်တော်တို့ရဲ့ ဘ၀တွေကို တပ်လှန့် လိုက်တာပဲဗျ....။
မိုးပြေးကြီးဆိုတော့ စိုထိုင်းထိုင်းနဲ့ နေရခက်တာပေါ့ .........။
ကိုအိုင်လွယ်ပန်ရေ ကဗျာကတော့ ကောင်းမှကောင်းဘဲဗျာ တစ်ပုဒ်လုံးကို ကြိုက်တယ်။ သုံးသွားတဲ့ စကားလုံးတွေ အရမ်းမိုက်တယ်။
နှစ်သက်စွာ ခံစားရပါတယ်။
ဒီအပိုဒ်ကိုတော့ အကြိုက်ဆုံးပဲဗျာ..။
"ရွာတော့ရွာလိုက်တယ်
မိုးပြေးဆိုတော့လည်း
နေပူကြီးထဲမှာပဲရွှဲစိုကျန်ရစ်
ဘယ်လိုအနေအထိုင်တွေပြောင်းပြောင်း
ဆူးဟာဆူးပါပဲ
စူးနစ်ဖို့သက်သက်ရယ်………….."
Post a Comment