ဒိုင်ယာရီ


ထိုင်နေရင်းကပဲ
ဘဝဆိုတာကြီးကို
မီးခိုးထောင်းထောင်းထအောင်ဖွာမိလိုက်ရုံနဲ့
အလေ့ကျစိတ်ကူးတွေ
ဝေ့ အိုင်နေတဲ့ ဆန္ဒတို့ ထုဆစ်ရာမှာ
ကြွေခဲ့တဲ့ သက်ပြင်းတို့ ရာထောင်ချီ………………..

အရိပ်တွေထဲမှာမှ ရင်ရဲ့အရိပ်က
ဖွဲမီးလို တငွေ့ငွေ့ကျွမ်း
နေ့သင့်နံသင့် မဟုတ်လို့ပဲ
လမိုင်းမကပ်ခဲ့တာလား
မိုးတွေခေါင်ကာမှ
လွန်ပြေးပြေးဆွဲရမှာ မုန်းလို့
လျော့တိလျော့လျဲ တော့နေခဲ့မိ………………………

ငါးပွက်ရာမှာ ငါးစာကိုကမရှိခဲ့တော့
ကမ်းဆိုတာက မှုန်ပြပြ
ဆိုက်ရောက်မှုတွေနည်းခဲ့တယ်……………………

လိပ်ပြာသန့်ဖို့သက်သက်တစ်ခုထဲအတွက်
ကလိမ်ကကျစ်ဆိုရင်တောင်
ကကြီးနဲ့လိမ်ပြီး ကကြီးနဲ့ပဲ ပြန်ကျစ်ခဲ့ပါရဲ့
စိုက်ဝင်နေတဲ့ တစ်ဆုံးသောဓါးသွားဟာ
မုန်းတီးရွံရှာမှုတွေနဲ့မြေ့နေဆဲ…………………

ရေးလို့ကောင်းရုံလေးပါပဲ
ကျန်….ခဲ့….ပြီ……………………..။။။

အိုင်လွယ်ပန်




7 comments:

တင့်ထူးရွှေ said...

ပြီးခဲ့တဲ့အကြောင်းအရာတွေ မှတ်သားထားရာ ဒိုင်ယာရီလေးကို အသာလေး လှန်ဖတ်သွားတယ် ၊ ဓါးဒဏ်ရာကြီးနဲ့ :)

mgngal said...

မိုးတွေခေါင်ကာမှ
လွန်ပြေးပြေးဆွဲရမှာ မုန်းလို့
လျော့တိလျော့လျဲ တော့နေခဲ့မိ………………………

ဝိုး စာသားတွေကတော့ လန်းထွက်နေပါလား ။
ကိုအိုင်းက စာသားတွေကို အကြာကြီး ဥနေတာကိုးဗျ။ :)

လင်းဒီပ said...

လိပ်ပြာသန့်ဖို့သက်သက်တစ်ခုထဲအတွက်
ကလိမ်ကကျစ်ဆိုရင်တောင်
ကကြီးနဲ့လိမ်ပြီး ကကြီးနဲ့ပဲ ပြန်ကျစ်ခဲ့ပါရဲ့

ဘဝဆိုတော့ကတော့ ဖတ်လိုက်တဲ့ အချိန်မှာကောင်းသလောက်..ရေးနေတုန်းတော့
အလူးအလဲပါပဲ...
ဖြစ်နိုင်ရင်တော့ ကကြီးနဲ့ပဲပြန်ကျစ်ခဲ့ချင်တယ်..
သံသရာတွေရှည်ရင် မောလွန်းလို့လေ..

Anonymous said...

လိပ်ပြာ သန့်တဲ့ ဒိုင်ယာရီကိုလာဖတ်သွားပါတယ်..

ကကြီးနဲ့လိမ်ပြီး ကကြီးနဲ့ပြန်ကျစ်ထားခဲ့တယ်...

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ကဗျာလေး .. အရေးအသားတွေကို
အရမ်းလေးစားတယ်ဟေ့ .... ကျန်ခဲ့ပေမဲ့ ဒဏ်ခတ်ထားတာမဟုတ်လို့ ဖြေသာမှာပါ

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ဗျာ။

Moe Myint Tane said...

ကိုအိုင်ရေ ကျွန်တော်ကဗျာရေးရမှာတောင်လန့်လာပြီ။ ကိုအိုင့်ကဗျာတွေကို ဖတ်ပြီး ကျွန်တော့်ကဗျာတွေက ကဗျာမဟုတ်တော့သလိုဘဲဗျာ။ အရေးအသားတွေကို အတုခိုးသွားတယ်ကိုအိုင်။ ခွင့်ပြုပါခင်ဗျာ။