တွင်းဝင်မဖြောင့်တဲ့မြွေ


ရေရေရာရာ
တစ်စက်မှမရှိလိုက်သေးဘူး
ပွဲကပြီး မီးကသေ
ယောင်ချာချာနဲ့
စုံလုံးတွေကန်းလိုက်ပုံ…………………..

ရိုင်းကိုရိုင်းပါရဲ့
အငြိုးတစ်ကြီးနဲ့ပြန်ပြန်ဖြတ်ပစ်
တစ်ကယ်တမ်း
သေရာပါအောင်ဆေးမှင်စုတ်ထိုးခဲ့တာလဲ
ကိုယ်ကိုယ်တိုင်…………………..

ထားခဲ့ကြည့်လိုက်တာပါပဲ
အရိပ်တွေ…………
အရိပ်တွေ……………
ထပ်ပြီးရင်းထပ်လာလိုက်တာ……………..

စိတ်
လူး
လွန့်
တာ
လှိုင်း
သိပ်
များ
တယ်……………...။။။

အိုင်လွယ်ပန်

6 comments:

တင့်ထူးရွှေ said...

ဘရိုရေ ကောင်းမြဲကောင်းဆဲ၊ အရိပ်တွေ အရိပ်တွေ ...

Anonymous said...

ကောင်းတယ်.. ကိုအိုင်လွယ်ပန်.....

Anonymous said...

စိတ်
လူး
လွန့်
တာ
လှိုင်း
သိပ်
များ
တယ်……………...။။။
မှန်လိုက်လေ.....ဗျာ

လင်းဒီပ said...

အခုတလောစိတ်ကို တစိမ့်စိမ့်ကြည့်ပြီးရေးတဲ့ ကဗျာတွေများနေတယ်နော်..
ကောင်းတယ်

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ် ညီလေးရေ။

thihanyein said...

အပေါ်ဆုံးအပိုဒ်ကိုကြိုက်တယ်ဗျာ
ကဗျာကြိုက်တဲ့ကျနော့်နဲ့တော့
ကဗျာရေးကောင်းတဲ့အကိုနဲ့တော့
ကွက်တိပဲ