လိမ်တာကွလို့ဆိုရအောင်
လိမ်မာပြခဲ့တာလည်းမဟုတ်
ကျိန်စာကကို
အချိန်အခါမကျတည့်တည့်တိုးတယ်……………………
အစရယ်မကြံသေးဘူး
အကျတယ်မမှန်လေတော့
အထကွယ်မမြန်တာမဆန်း……………………………….
အစွဲအလမ်းကြောင့်
အသည်းကျွမ်းရပြီလို့ပဲ
အမြဲတမ်းခပ်ကြောင်ကြောင်အော်နေရမယ့်အပေါက်……..........
ဖြေသိမ့်ခြင်းရေ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင်………………………...။။။
အိုင်လွယ်ပန်
လိမ်မာပြခဲ့တာလည်းမဟုတ်
ကျိန်စာကကို
အချိန်အခါမကျတည့်တည့်တိုးတယ်……………………
အစရယ်မကြံသေးဘူး
အကျတယ်မမှန်လေတော့
အထကွယ်မမြန်တာမဆန်း……………………………….
အစွဲအလမ်းကြောင့်
အသည်းကျွမ်းရပြီလို့ပဲ
အမြဲတမ်းခပ်ကြောင်ကြောင်အော်နေရမယ့်အပေါက်……..........
ဖြေသိမ့်ခြင်းရေ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင်………………………...။။။
အိုင်လွယ်ပန်
8 comments:
အဲတစ်မျိုးလေးပါလား...ရွတ်လို့ကောင်းပြီး.. ဘုတော တော ထားတဲ့ဟန်...
ဖြေသိမ့်ခြင်းရေ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင် :)
ကောင်းကွာ
အခုတော့
နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင် တဲ့ :P
မိုက်တယ်ညီလေးရေ ဆက်တိုက်ကိုဆွဲနေပါလား
ပျော်ရွှင်ပါစေညီလေးရေ
ကောင်းတယ်ဗျာ အားပေးလျက်ပါ
ငါ့ညီ...
အစွဲအလမ်းကြောင့်
အသည်းကျွမ်းရပြီလို့ပဲ
အမြဲတမ်းခပ်ကြောင်ကြောင်အော်နေရမယ့်အပေါက်…
ဘယ်အပေါက်လဲ ဟဟ
မိုက်တယ်ကွာ ကဗျာတွေကတော့
လာတုန်းကတော့ ဟိုကဗျာကိုပြန်လာဖတ်တာ နားမလည်သေးလို့ အသစ်တွေ့တော့ အသစ်ကိုဖတ်ပြီးပြန်သွားပြီ ဟဟ
ကဗျာတွေကတော့ ကောင်းပြီးရင်ကောင်းရင်းပါလား ကိုအိုင် ။ နင့်မျက်နှာလည်းငါမကြည့်ချင်
ငါ့မျက်နှာလည်းငါမကြည့်ချင်ဆိုတော့ ကိုအိုင် မျက်နှာကိုတော့ ကြည့်ချင်ရင် ကြည့်ချင်နေဦးမှာပါ ။
အဆင်ပြေပါစေဗျာ ။ :)
ကိုအိုင်လွယ်ပန်ရေ ကောင်းလှချည်လား။ စကားလုံးကတော့ ပြောင်မြောက်တယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မကြည့်ချင်တော့ပြန်ဘူးလား.. ကဗျာဆရာရယ်..
Post a Comment