အဆင်သင့်မဖြစ်ခဲ့သေးတောင်ရပါတယ်


အခြောက်တိုက်ဖယ်ခွာမှုတွေ
သေတ္တာလေးထဲမှာရှိနေတုန်း
ရနံ့တွေအားလုံး
ပျောက်ပျက်သွားတဲ့အထိ
စိတ်ကိုမျှားနေမိ ။

အဲသမှာ
မျက်တောင်တစ်ခတ်စာလေး
ပန်းတစ်ပွင့် ကြွေသွားနိုင်သလို
ပန်းတစ်ပွင့် ပွင့်လာနိုင်တယ်
ကိုယ့်ကိုကိုယ်ပြန်မြင်နိုင်ဖို့ရာ
လိုနေတာမှန်တစ်ချပ်မဟုတ်ခဲ့တာတော့
အသေအချာ ။

ကျေကျေနပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ ။။

အိုင်လွယ်ပန်

5 comments:

လင်းဒီပ said...

တိတ်တိတ်လေးလာလာခေါ်တတ်တဲ့ သေခြင်းတရားရဲ့အငွေ့အသက်တွေရတယ်...
ပွင့်လိုက်ကြွေလိုက်ပဲလေ..

Anonymous said...

လာခေါ်ရင်တော့လိုက်ရဲဘူးဗျာ ကြောက်တယ်
မျက်တောင်တစ်ခတ်စာလေး
ပန်းတစ်ပွင့် ကြွေသွားနိုင်သလို
ပန်းတစ်ပွင့် ပွင့်လာနိုင်တယ်
အဲဒီစာသားလေးပိုကြိုက်တယ်ဗျာ
ရေးတတ်လိုက်တာ ကဗျာဆရာ

Kaung Kin Ko said...

ကဗျားလေး ခံစားသွားတယ်ညီလေးရေ။

Moe Myint Tane said...

အလှည့်ကျရင် ခေါ်လိုက်ပါပေါ့လေ။ ရှောင်လွှဲလို့ မရနိုင်တဲ့ တရားတွေပါဘဲ။ ကဗျာလေးကို ထိရှစွာ ခံစားသွားပါတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

mgngal said...

ဒီလို ကဗျာတွေရေးလည်းကောင်းတာပါပဲလား ကိုအိုင်းရ ။
ကြိုက်သဗျာ ။