ဆုတောင်း

တကယ်တမ်းက
မဖွံ့ဖြိုးလာတဲ့
ဒိုးလျိုပေါက်စိတ်အအုံအကျင်း …………….

ဒါပေမယ့်
ရေနစ်နေတာပ
မြက်တစ်ပင်ဆိုလည်း
ဆွဲမိတယ် …………………………………။။။

အိုင်လွယ်ပန်

13 comments:

ညိမ်းညို said...

ဆွဲသာဆွဲလိုက် ကိုအိုင်ရေ
မြက်ပင်ကလေးကလဲ အဆွဲကို စောင့်နေတယ်တဲ့ :P

လင်းထက် said...

အင်း ဒီတစ်ခါတော့ သိပ်နားမလည်ဘူး ကိုအိုင်ရေ ကျွန်တော် ဥာဏ်မမှီဘူး အပေါ်က အပိုဒ်နဲ့ အောက်က အပိုဒ် ကို ဆက်စပ် လို့ မရဘူး ဘူးဖြစ်နေတယ် ဟီး စိတ်ချိုးနဲ့နော် နဂိုထဲ က ကဗျာတွေ ကို သိပ်နားမလည်တာလဲ ပါလို့ပါ..။

ATN said...

ရေနစ်ရင် ဖြစ်တတ်တဲ့ သဘောပါပဲ...
ရေနစ်ဖူးမှလည်း သိမှာပါ...

mgngal said...

ကိုညိမ်းကတော့ ကွန်မန့် ပေး ပက်စက်တယ် ။ :P
ကျနော်လည်း အားပေးတယ် နစ်လို့ ကတော့ ဆွဲသာဆွဲ ။:D

HAPPY CLOUD said...

ကျုပ်လဲ နစ်ရင်တော့ဆွဲရမှာပဲဗျ...

ခင်မင်လျက်...
မိုးမောင်

ဆောင်းယွန်းလ said...

ယုံယုံကြည်ကြည်နဲ့ဆွဲလိုက်ဖို့ဘဲလိုတာပါ..စိတ်ဖြေရာရတာပေါ့ညီလေးရာ..ကဗျာလေးကိုကြိုက်တယ်ညီလေး..အဓိပ္ပာယ်သိပ်ရှိတယ်...
ခင်မင်လျက်

Anonymous said...

ကျနော်လည်း ရေခဏခဏ နစ်ဖူးတယ် ထင်တယ် ကိုအိုင်းရေ့ တွေ့တာ ဆွဲမိလိုက်တာပဲ ရှင်သန့်ရအုံးမယ်မဟုတ်လားး

မိုးမြင့်တိမ် said...

ကိုယ့်ကို အားကိုးတကြီးဆုပ်ကိုင်လာမယ့် မျှော်လင့်ခြင်းတွေကို ကမ်းလင့်ရင်း ကြိုဆိုနေတဲ့ မြက်တစ်ပင် ဖြစ်ရတာကို ပိုဘောကျတယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

အိန္ဒြာ said...

ွှီအိုင်လွယ်ရေ..

တိုက်တိုက်ဆိုင်ဆိုင် ကဗျာခေါင်းစဉ်တူနေပါရော..
အစ်မက ကိုမိုဃ်းဇော့်ကဗျာလေး ကြိုက်လို့တင်ထားတာ..

ရေနစ်နေသူအတွက်..
မြင်ရာတွေ့ရာတွေကပဲ ကယ်တင်ရှင်လိုလို..
မြက်တစ်ပင်ပဲဖြစ်ဖြစ်..
ကောက်ရိုးတစ်မျှင်ပဲဖြစ်ဖြစ်
အားကိုးတကြီး..ဆုတ်ကိုင်မိကြတယ်..

ွှအိန္ဒြာ

ညီအကိုများ said...

ကိုအိုင်ရေဆုတောင်းပြည့်ပါစေဗျာ..

မိုးကြယ်

Anonymous said...

နစ်ရင်တော့ ဆွဲကြမှာပါပဲ..

လင်းဒီပ said...

ိညီလေးငြိမ်းညိုလိုပဲမြောက်ပေးလိုက်မယ် ..မြက်ပင်လေးကလည်း အဆွဲကို စောင့်နေတယ်လေ..:P

Black Dream said...

ကိုယ်တစ်ခါက ရေးခဲ့သလို အဲ့ဒီ့ဆွဲမိတဲ့ မြက်တစ်ပင်က စနက်တံကြိုးတစ်ချောင်းတော့ ဖြစ်မနေပါစေနဲ့လို့ ဆုတောင်းပါတယ် ညီရေ..။