အလင်းတွေလိုက်ကောက်မလို့တဲ့
လက်တစ်စုံကတကြွကြွ …………….
အရိုးစွဲနေတဲ့စာမျက်နှာတွေနဲ့
အသက်ဆက်နေခဲ့ခြင်းဟာ
နိစ္စဓူဝတွေပေါ်ကို
ခပ်တင်းတင်းစိုက်ဝင်နေတဲ့
ဓါးတစ်ချောင်းဖြစ်ရဲ့
မလိုအပ်ဘူးဆိုတာတွေ
လိုအပ်လာတော့မှ
ဆီခမ်းနေတဲ့မီးအိမ်တွေက
အစာထရှာကြ …………………….
ပြတ်သားမှုဆိုတာ
ခေါက်ရိုးကျိုးကြောင်းပေါ်က
တစ်စက်တစ်ကွက်စာနေရောင်လို
ကွဲလွဲခြင်းရဲ့ အဓိပ္ပါယ်ကို
ရှာလိုက်တော့မှ စကွဲလွဲတာ …………..
အဲဒီနောက်တော့
အရစ်ပြုန်းနေတဲ့ မူလီလို
ဘယ်နေရာမှ
တင်းပြည့်ကြပ်ပြည့် ဝင်မဆန့်တော့တဲ့
ဖြစ်ရိုးဖြစ်စဉ်တွေဟာ
တစ်ခုကိုတစ်ခု (အချင်းချင်း)
ကဲ့ရဲ့ကြ ပုတ်ခတ်ပြောဆိုကြနဲ့
ဆိုး လိုက် တာ ……………………
စက်ပျက်နေပါလျက်
မိုင်ကုန်ဖွင့်ဖွင့် မိနေတာကတော့
သမိုင်းမကောင်းခဲ့တာ
မဟုတ်လောက်ဘူး သူငယ်ချင်း ………………
ဒီနေ့လည်း
ဖြေသိမ့်လိုက်ရတယ် ………………….။။။
အိုင်လွယ်ပန်
(ကျွန်တော်ရောက်နေတဲ့ နေရာအခက်အခဲ INTERNET အခက်အခဲအရ
BLOG နဲ့ ဝေးနေပါဦးမယ် …….. အခါအခွင့်သင့်ရင်တော့ ကျွန်တော်
BLOGGER ညီအစ်ကိုမောင်နှမတွေ ရဲ့ စာမျက်နှာတွေနဲ့ ပြန်ဆုံချင်ပါသေးတယ် )
ဘဝ
4 months ago
12 comments:
ပြတ်သားမှုဆိုတာ
ခေါက်ရိုးကျိုးကြောင်းပေါ်က
တစ်စက်တစ်ကွက်စာနေရောင်လို
ကွဲလွဲခြင်းရဲ့ အဓိပ္ပါယ်ကို
ရှာလိုက်တော့မှ စကွဲလွဲတာ …………..
ဆန်းသစ်တဲ့ နမိတ်ပုံကိုလည်း ကွဲကွဲပြားပြားသိဖို့  ကြိုးစားလိုက်ရပါတယ်။
အခက်အခဲကြားကနေ တင်လိုက်တဲ့ ကဗျာလေးကို
ဖတ်သွားတယ်ဗျ
အဆင်ပြေပါစေ ကိုအိုင်ရေ
ဒီနေ့လည်း
ဖြေသိမ့်လိုက်ရတယ်
မနက်ဖြန်မျှော်အခိုးအငွေ့တွေနဲ့.......
............
အိုင်လွယ်ရေ..
ကဗျာတွေမတွေ့ရလို့ သက်ဆိုင်သူကို မေးတော့မလို့...
အဆင်ပြေပါစေကွာ...
ကဗျာတွေမဖတ်ရတာ...တစ်ခုလိုနေတယ်ပေါ့
ခင်မင်တဲ့
ကိုအိုင်ရေ ကဗျာပြန်ဖတ်ရတာဝမ်းသာတယ်ဗျာ..
ကဗျာကောင်းတယ်ဗျာ..
ခင်မင်လေးစားလျက်
မိုးကြယ်
ကွဲလွဲခြင်းရဲ့ အဓိပ္ပါယ်ကို
ရှာလိုက်တော့မှ စကွဲလွဲတာ ထိသွားတယ် ဗဟိုကို ။
အဆင်ပြေပါစေဗျာ ။
မလိုအပ်ဘူးဆိုတာတွေ
လိုအပ်လာတော့မှ
ဆီခမ်းနေတဲ့မီးအိမ်တွေက
အစာထရှာကြ …………………….
သိပ်သဘာဝကျပြီး လက်တွေ့ဆန်တဲ့သဘောတရားတွေပဲပေါ့ညီလေးရာ
ကဗျာဆရာရေ အကြောင်းအရာလေးလှပါ့ဗျာ မဖိတ်ထားတော့မမန့်ရဲဘူး ခွင့်လွှတ်ပါ။
ကဗျာကြိုက်တယ်
တပုဒ်လုံးကောင်းတယ်ကွာ ..
ငါကတော့ ဒီနေ့တနေ့ထဲမဟုတ်ဘူး တဘဝလုံးစာဖြေသိမ့်ရတော့မယ် ထင်ပါရဲ့ကွာ
ကောင်းတယ်ဗျာ... ကြိုက်တယ်... စကားလုံးရွေးချယ်တာတွေ ပိုခိုက်တယ်...။
Post a Comment