မနေ့က နဲ့ မနက်ဖြန်ကြား
ကျန်ခဲ့တဲ့ ပုံပြင်ဟောင်းတွေ
ဖြစ်လာမယ့် ပုံပြင်သစ်တွေက တဖျပ်ဖျပ်ခါ
လက်ရှိ ဖြစ်တည်မှု
တစ်နေရာစာလေး ကိုပြန်ရှာနေမိရဲ့ …….
တောင့်တမှုတွေအောက်
ပျောက်ကွယ်သွားတဲ့ လ အစင်းစင်းဟာ
ဒိုင်ယာရီတစ်ခုစာ ရစ်ခြုံ သိုင်းဖက် လို့
ကွာဟမှု ပုံရိပ်များကြား
စိတ်အနည်ထိုင်မှုတို့ အားနည်းနေ ……………….
ဒါ နဲ့ ဒါပေါင်း
ကျိန်းသေ ဒါ ဖြစ်ပါသလားတဲ့
မေးသင့်သလား ဒီမေးခွန်း
အသေအချာကို
ထပ်မှားပြန်တယ် …………………………
ခပ်ညက်ညက် ဝါးပြီးတာတောင်
မြိုချလို့ မရသေးတဲ့
သဘာဝတရားနဲ့ အံဝင်ဂွင်ကျမှုတွေဟာ
ဆံဖြူတွေလို ကြွေကြွေကျတာ
များ …. ပြီ …………………
နှလုံးအိမ်အတွင်းက
မျှားချက် ဒဏ်ရာတွေ ဘဝကူးကောင်းစေဖို့
ဘယ်နေရာမှာ
ဘာကိုအလိုက်ပေးပြီး
အလဲအထပ် လုပ်ရမလဲ ………………
ကမ္ဘာပေါ်မှာ စမ်းရေ မလိုပဲ
ပန်းတွေ လန်းခဲ့ကြပေါ့တဲ့
အဲသလိုကို
ငါ့ အိပ်မက်လေး က
ရှက် စ ဖွယ် …………………….။။။
အိုင်လွယ်ပန်
ဘဝ
4 months ago
9 comments:
သင်္ခါရလို့ ဖတ်သွားမိတယ်။ တလွဲတွေးသွားရင်ခွင့်လွတ်ပါဗျာ
ဘယ်အပိုဒ်ကို အကြိုက်ဆုံးလို့  ပြောလို့ မရအောင် အားလုံးက အဓိပ္ပါယ်တွေ ပြည့်နှက်နေတယ် ။ အိပ်မက်လေးက ရှက်စဖွယ်တဲ့လား ကိုအိုင်ရ ။ ကောင်းတယ်ဗျာ ကဗျာလေး ။
ဒါ နဲ့ ဒါပေါင်း
ကျိန်းသေ ဒါ ဖြစ်ပါသလားတဲ့
မေးသင့်သလား ဒီမေးခွန်း
အသေအချာကို
ထပ်မှားပြန်တယ်
အသေအချာထပ်မေးလည်း အသေအချာထပ်မှားနေဦးမယ့်မေးခွန်းမျိုးပေါ့ညီလေးရာ
ကဗျာလေးကိုကြိုက်တယ်ညီလေးရေ
အတွေးလေးတွေကော စာပုဒ်တွေကော အကုန်လုံးလှတယ် ...နောက်ဆုံး .......... ကအစ ၊၊၊၊။။ အဆုံးလှတယ်။
ကမ္ဘာပေါ်မှာ စမ်းရေ မလိုပဲ
ပန်းတွေ လန်းခဲ့ကြပေါ့တဲ့
အဲသလိုကို
ငါ့ အိပ်မက်လေး က
ရှက် စ ဖွယ် …………………….။။။
...................
...............
လှတယ်..........
စမ်းရေ ရမှပွင့်ရမယ်ဆို..
ပန်းတွေ အ ကြတော့ပေါ့..ဟုတ်လား..
အပွင့်ကန်းနေတယ့် သစ်ပင်တွေကတော့များပြီ..
ဖတ်သွား..ကြိုက်သွားတယ်
( အော်ဒါထက် ခုနှစ်နှစ်ရှိတာတောင်ရီးစားစာဖတ်ချင်နေတဲ့ တစ်ယောက်ကို မေးတယ်လို့ သတိရကြောင်း)
အိန္ဒြာ
လောကနဲ့ကင်းကွာသွားပုံ လွင့်လွင့်မျောမျော ဖြစ်သွားတာလို့ တွေးမိတယ်..။
ဒါ နဲ့ ဒါပေါင်း
ကျိန်းသေ ဒါ ဖြစ်ပါသလားတဲ့
မေးသင့်သလား ဒီမေးခွန်း
အသေအချာကို
ထပ်မှားပြန်တယ် …………………………
ဟုတ်တယ်ဗျာ ဟိုဟာလဲ ဖြစ်နိုင်တယ်။
ဒါဖြစ်တယ်ဆိုရင်တောင် ရွေးစရာတွေထဲက တခုပါဗျာ။
ကဗျာလေးက ပါးပါးလေးနဲ့ပုတ်သွားတယ် :) အချီကြီးပေါ့
အတွေးကောင်းတယ် ကိုအိုင်ရေ
ကြိုက်တယ် ကောင်းသောနေ့ပါ :)
Post a Comment