အရိုးစွဲနေတဲ့ပြဌန်းချက် စာမျက်နှာတွေနဲ့
တစ်အုံ့ နွေးနွေးနှလုံးသားတွေကို
ချွေးသိပ်မခံချင်တဲ့နောက် ။
ခေါင်းကျက် ခေါင်း
အမြှီးကျက် အမြှီး ကမ္ဘာမှာ
အစာအိမ် နေရာလွတ်များစွာနဲ့
အံမဝင် ဂွင်မကျတဲ့နောက် ။
ထောက်ခံသူရဲ့ဆန္ဒများနဲ့ပဲ
ပျောက်ဆုံးသွားတဲ့ မဲတစ်ရွက်
ဘယ်ရင်ခွင်မှာမှ ပြန်မတွေ့ရတော့တဲ့နောက် ။
တစ်စချင်းဆက်သီလိုက်
တစ်စချင်းဖြည်ချလိုက်နဲ့
လုံးလည်ချာလည်လိုက်
ကိုယ့်အမြှီး ကိုယ်ပြန်ကိုက်မိတဲ့နောက် ။
ခပ်နွမ်းနွမ်း အကျီ င်္တစ်ထည်ရဲ့
အပေါက်အပြဲ ရာဇဝင်မှာ
ဖာရာထေးရာတွေ ချုပ်ရိုးမခိုင်တဲ့နောက် ။
ရင့်ထော်နေတဲ့ စိတ်အနာကိုမှ
ရာသီမရွေး နုပြိုလန်းဆန်းနေအောင်
မန်းလိုက်မှုတ်လိုက် လုပ်ခဲ့ပြီးတဲ့နောက် ။
အဖေရေ အမေရေ
သူငယ်ချင်းရေ ချစ်သူရေ
အကြိမ်ကြိမ် ခေါ်ခဲ့တဲ့
ခေါ်သံတွေ ခေါ်ရာမဝင် တော့တဲ့နောက် ။
ဒီလိုပါ
ကောင်းကင်ရဲ့တစ်မိုးအောက်
အကြိမ်ကြိမ်မိုးသောက်
ကောင်းကင်ရဲ့တစ်မိုးထဲ
အကြိမ်ကြိမ် မိုးသည်း
ရင်ဘတ်သံတွေ စဲစဲသွား တဲ့အကြောင်း ။
ဒီလိုပါ
ငါဟာ ကျောက် ချ
လမ်း တွေကသာ
ငါ့အပေါ်က လှမ်းလှမ်းသွားတဲ့ အကြောင်း
ငါ ရေး လိုက် မိ တာ ။။။
အိုင်လွယ်ပန်
ရပ်ဝန်းသစ်ခောတ်ပြိုင်စာစု Vol 02 July 2009
ဘဝ
4 months ago
7 comments:
ဒီလိုပါ
ကောင်းကင်တစ်မိုးအောက်
အကြိမ်ကြိမ်မိုးသောက်
ကောင်းကင်ရဲ့တစ်မိုးထဲ
အကြိမ်ကြိမ်မိုးသည်
ရင်ဘတ်သံတွေစဲစဲသွားတဲ့အကြောင်း.........
.........................
........................ရင်ခုန်သံတွေ
ဆိတ်သုဉ်းသွားရာလမ်းမှာတော့
ကျောက်ချမနေလိုက်ပါနဲ့ကဗျာဆရာ..း)
ပြီးတဲ့နောက် အားလုံးပြီးတဲ့ နောက် .. ။ ဘာတွေဖြစ်မြောက်လာမလဲ ကိုအိုင် ?????
အကြိမ်ကြိမ် ခေါ်ခဲ့တဲ့
ခေါ်သံတွေ ခေါ်ရာမဝင် တော့တဲ့နောက် ။
နောက်ဆို မြန်မာစာ thesis လုပ်ရင် ကဗျာဆရာရဲ့  ကဗျာတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။
ဒါပေမယ့်
ခေါင်းကျတ် ခေါင်း
အမြှီးကျတ် အမြှီး ကမ္ဘာမှာ
ကျွန်မ အထက် ကျက် ... ခေါင်းကျက် ခေါင်း လားလို့ ...
မှားသွားရင် စိတ်မရှိပါနဲ့ နော်။
ကောင်းပါ့....ကောင်းပါ့......
ဒဏ်ရာတွေနဲ့ လေလွင့်သူရဲ့အပေါ်မှာ လမ်းတွေက ပြန်လျှောက်သွားတယ်...။လေလွင့်သူရဲ့အလျားက လမ်းတွေထက် ရှည်လျားနေမှတော့..။
ဒီလိုပါ
ကောင်းကင်ရဲ့တစ်မိုးအောက်
အကြိမ်ကြိမ်မိုးသောက်
ကောင်းကင်ရဲ့တစ်မိုးထဲ
အကြိမ်ကြိမ် မိုးသည်း
ရင်ဘတ်သံတွေ စဲစဲသွား တဲ့အကြောင်း ။
ဒီလိုပါ
ငါဟာ ကျောက် ချ
လမ်း တွေကသာ
ငါ့အပေါ်က လှမ်းလှမ်းသွားတဲ့ အကြောင်း
ငါ ရေး လိုက် မိ တာ
ဒါကဗျာစစ်စစ်ပေါ့ညီလေးရာ....
အိုင်လွယ်ရေ
ကဗျာကောင်းပဲကွာ
ရင်ဘတ်သံတွေမစဲသေးနဲ့ဦးဗျ
စောသေးတယ်း)
Post a Comment