ကမ္ဘာမြေကို ငါ စနင်းတော့
ဒီကောင် ငါနဲ့အတူပါလာတယ် ပြောတယ်
ဒါပေမယ့် ငါမသိခဲ့ ။
အဖြူရောင် ကင်းဘတ်စပေါ်မှာ
ဆေးစက်တို့ များများလာ
ဒီကောင့်ကို ရိုးကနဲ ရိပ်ကနဲတော့
ငါ တွေ့ တွေ့ လာ
ဒီကောင် ဘယ်မှာနေသလဲ
မေးခွန်းတွေနဲ့ငါ ။
စိတ်ပြေလက်ပျောက်
ထိုင်နေရင်း လမ်းလျှောက်ထွက်တဲ့နေ့တုန်းကပေါ့
ဒီကောင့် ကိုရုတ်တရက်တွေ့လိုက်တော့ နှုတ်ဆက်မိ
ဟေး ...
မတွေ့တာကြာပြီနော်
ဒီကောင်ကပြန်ပြောရဲ့
ဘယ်တွေ့မလဲ မင်းက ငါ့ကို
အမြဲတမ်း မတွေ့ချင်ယောင်ဆောင်နေတာကိုးတဲ့ ။
အဲသလို
အချိုးမပြေတဲ့ကောင်
အဲဒီတုန်းက ဒေါသ တကြီးနဲ့
ငါ … ခုန် … အုပ်
လုံးထွေး သတ်ပုတ်နေရင်းက
ဒီကောင် ခဏတဖြုတ်ပျောက်ကွယ်သွား
ဒီကောင့် မှတ်ပုံတင် ကဒ်ပြား သာ ငါ့ဆီကျကျန်ရစ်ခဲ့
အမည် နေရာမှာ “အတ္တ” တဲ့
နာမည်တော့ အတော်လှတဲ့ကောင် ။
အဲဒီနောက်ပိုင်းတော့
ဒီကောင်
ငါ့ ကိုကြောက်သွားတယ် ထင်ပ
ငါနဲ့ထပ်တွေ့ရင်
ငါ့ အလိုလိုက် အကြိုက်ဆောင်တယ်
ငါ နာမည်ခေါ်ရင်
ရှိပါတယ် ခင်ဗျ လို့ ထူးတယ်
အပြင်တော့ အထွက်ကျဲတယ်
မေ့လောက်မှတစ်ခါ
ငါ့ ကိုယ်ထဲက ခေါင်းပြူပြူ ပြ နေတာ
ခု ထိ ။။
အိုင်လွယ်ပန်
ဘဝ
5 months ago




11 comments:
အကိုတို့အဖြူရောင်ကင်းဘတ်စပေါ်မှာလည်း
ဆေးစက်တွေတော်တော်များနေခဲ့ပြီနော်
ဒီကောင်က အကို့ကိုယ်ထဲကနေလည်းခေါင်းပြူပြူပြနေတာပါပဲ
ဒီကဗျာလေးကိုဖတ်ရတာ အရသာရှိလိုက်တာညီလေးရာ
အဲဒီကောင် မကောင်းဘူး သူ့ ကို သတ်ပစ်... :P
ဒီကဗျာလေးဖတ်ပြီး ကျွန်မမှာလည်း မတည့်အတူနေသူကို သတိရသွားတယ်။ ဒီလိုပဲ ချော့ပေါင်းပေမယ့် သူကပဲ အနိုင်ရနေတာ ခက်တယ်။ :)
အဲဒီကောင်က သတ်လို့မသေဘူး...
မုန်းစရာလည်း ကောင်းရဲ့
ိကျုပ်ဘဝညစ်ထေးအောင် အဲဒိကောင်ပဲ ကမကထ လုပ်နေပေါ့....
အိုင်လွယ်ရေ...
ရိုးရိုးလေးနဲ့ သိပ်သည်းတဲ့ ကဗျာလေးနဲ့
လင်းဒီပရဲ့
ိကျုပ်ဘဝညစ်ထေးအောင် အဲဒိကောင်ပဲ ကမကထ လုပ်နေပေါ့....
ဆိုတာကိုပါ
သဘောကျ နှစ်ချိုက်သွားပါကြောင်း
အတ္တ
အတ္တ
အတ္တ
မကြာခဏ
နဂါးမှန်းသိအောင်
အမောက်ထောင်ပြချင်နေမြဲပဲ...
အတ္တ
အတ္တ
အတ္တ
မကြာခဏ
နဂါးမှန်းသိအောင်
အမောက်ထောင်ပြချင်နေမြဲပဲ...
မောနေမယ် ကိုအိုင်ရေ
အဲဒီလူက ချစ်စရာတော့ ကောင်းသား
သိပ်လည်းရန်ဖြစ်မနေနဲ့ဦး ကျန်တဲ့တစ်ယောက်နဲ့
ဖြစ်ဖို့ ချန်ထားဦး အဟဲး)
ခဏ..ခဏ ရန်ဖြစ်နေကျကောင်ပဲ
ကဗျာတွေမိုက်တယ်ဗျ ကြိုက်တယ်ဗျား။
Post a Comment