အလင်းကျဲ ဖျော့ဖျော့
တစ်နေရာစာလေး
တွဲလဲခို မြက်ဖျားနှင်းစက်
ကောင်းကင်ရဲ့ ဖြန့်ချထားတဲ့ရင်ထဲ
ဂမ္ဘီရ အိပ်မက်အသေ
မယုံကြည်စရာတွေ ရှိသေးကြောင်း
ယုံယုံ ကြည်ကြည်
တာထွက် ပန်းဝင်
နေ့စွဲတို့ အနွမ်းနွမ်း အရိရိ
မီးကုန် ယမ်းကုန် မိုင်ကုန် သံပတ်ကုန်
သီကြိုးပြတ် ခရေပွင့်များ
ဆောင်းဖွဲဖွဲ ကျောကုန်းထက် နွေလို မီးလို
အမြင်အာရုံ နဲ့ ကမ္ဘာ ၊ ဝင်သက် နဲ့ ထွက်သက်
စိတ်ရဲ့ အရင်းပိုင်း နက်နက်ထံသို့
၁.. ၂ … ၃ … ၁၀ … ၂၀ ..၅၀ … ….၁၀၀ ……..
အေးစက်စက် နှုတ်ခမ်းဖျားတစ်စုံ
ထုံထုံ ကျင်ကျင် တိုးတိုး ဖွဖွ
ည …။
အိုင်လွယ်ပန်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago




10 comments:
ကြယ်တွေကို ရေတွက်မိသလား တွေးနေမိတယ်ဗျာ
ကြယ်တွေကိုကြည့်ပြီးဆိုရတဲ့သီချင်း
ကြယ်တွေကိုရေတွက်ပြီးဆိုရတဲ့သီချင်း
ညီလေးရေ..ကဗျာလေးကောင်းတယ်ကွာ
အမြင်အာရုံ နဲ့ကမ္ဘာ ၊ ဝင်သက်နဲ့ထွက်သက်
ကြယ်တွေကို ကြည့်ပြီးဆိုတဲ့သီချင်း
နှုတ်ခမ်းဖျားတွေ အေးစက်
အဖျားတက်သွားပြီ ..
စိတ်ရဲ့  အရင်းပိုင်း နက်နက်ထံသို့ တဲ့လား ။ အဖွဲ့ လေး လှတယ်ဗျာ ။ ခံစားသွားတယ်ကိုအိုင် ။
ကဗျားက လေးနက်လွန်းလှတယ်
ခံစားသွားတယ်ဗျာ နက်နက်ရှိုင်းရှိုင်း ကောင်းသောနေ့
ကိုအိုင်ရေ :)
အဲဒီနက္ခတ်က ဘယ်လိုနက္ခတ်မျိုးပါလိမ့် ???
ညထဲမှာ လူတစ်ယောက် ပက်လက်မှောက်...
သောက်ထားလက်စ ကြယ်တွေရေတွက်...
ကဗျာရွတ်နေပုံ..:P
အဲဒီ အသွားလေးကို ကြိုက်တယ်ဗျ ဘရိုရ ။
ဖွဖွ ဖြတ်တိုက် သွားတဲ့ လေ ညှင်းလိုလို..
Post a Comment