ယုံကြည်တာ မယုံကြည်တာ တွေရဲ့ တစ်ခြားတစ်ဖက်ကမ်းပါ ။
အစ်မ အိန္ဒြာ မေးထားတဲ့ မေးခွန်းတွေ ကို ဖြေကြည့် ရုံသက်သက်ပါ ။
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
လောလောဆယ် အထိ တော့ သူ့ဒုက္ခ ကိုယ်လွယ် ကိုယ့်ဒုက္ခ သူလွယ် နဲ့ သူငယ်ချင်းလို မိဘလို
ဖြစ်နေတဲ့ ချစ်သူနဲ့ပါ ။ဖြစ်နိုင်ရင် (ဝေးနေတဲ့ )ခပ်ပြောင်ပြောင် သူငယ်ချင်းတွေ အားလုံးနဲ့ရောပေါ့ ။
မိဘနှစ်ပါးကတော့ သူ့တရား ရဲ့ သူ အေးအေး သက်သာ နေပါစေ ။
အဲဒီအချိန်မှာ ကိုယ့်ကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင် :D ။
(၂)ဘာတွေခံစားနေရမလဲ..
ဒီနေ့ ခံစားချက် နဲ့ မနက်ဖြန် ခံစားချက်တောင် မတူညီတဲ့ ဘဝမှာ အဲဒီအချိန် မှာ ဘာခံစား ဖြစ်မလဲ ..
သေချာ မသိနိုင်ပါဘူး ။
(၃)ဘာတွေပြင်ဆင်ထားမလဲ
ပြင်ဆင်ဖို့အတွက်တော့ တခုပ်တရ အချိန်ပေးမိမှာ မဟုတ်ပါ ။
(၄)၀မ်းနည်းမိမှာက
အကယ်လို့ များပေါ့ ... ရှိခဲ့ရင် .. ကျန်နေရစ်ခဲ့ပြီး သွားလေသူတွေအတွက် ဝမ်းနည်းနေကြရဦးမယ့် သူတွေအတွက် .. ။
(ကိုယ်တိုင်လည်း ကျန်နေရစ်ခဲ့ နိုင်ပါတယ် .. အဲဒီအခါ ဆိုရင်လည်း အားမနာတမ်း ဝမ်းနည်းဦးမှာပါ :D)
(၅)ကြောက်လန့်မိတာက..
အထွေအထူး မရှိလောက်ပါ ။
(၆)ဆောင်ထားချင်တာ..
အသိစိတ် (ရသလောက်လေးပါ ) ။
(၇)ဘာတွေရေးမိမလဲ..
ကဗျာတွေပါ ။
(ဂ)တွေးမိတွေးရာ အတွေး
ကာလ အတော်ကြာ တည်ဆောက် ယူရတဲ့ အရာတွေ ဟာ ပျက်သုဉ်း ချင်ရင်လည်း ခဏလေး ။
(၉)ဂုဏ်ယူချင်တာက
ကဗျာ တွေ ဖတ်ခွင့် ရခဲ့တယ် ။ကဗျာတွေနဲ့ ထိတွေ့ခွင့် ရခဲ့တယ် ။
ကဗျာ နဲ့ မှောက်မှားခွင့်ကို ဘဝမှာ ကျေကျေ နပ်နပ် နဲ့ ရခဲ့တယ် ။
(၁၀)ရှာကြံဖြေသိမ့်မိတာက
ရောတိရောရာ အားလုံးပါ :D ။
(၁၁)ကျူးရင့်ချင်တဲ့ ဥဒါန်း
အထွေအထူးမရှိပါ ။
အရင် ရေးခဲ့ဖူးတဲ့
ကဗျာ အဟောင်းလေး တစ်ပုဒ်ပါ ပြန်တင်ဖြစ်ပါတယ် ။
“အဆင်သင့် မဖြစ်ခဲ့သေးရင်တောင် ရပါတယ် ”
အခြောက်တိုက်ဖယ်ခွာမှုတွေ
သေတ္တာလေးထဲမှာရှိနေတုန်း
ရနံ့တွေအားလုံး
ပျောက်ပျက်သွားတဲ့အထိ
စိတ်ကိုမျှားနေမိ ။
အဲသမှာ
မျက်တောင်တစ်ခတ်စာလေး
ပန်းတစ်ပွင့် ကြွေသွားနိုင်သလို
ပန်းတစ်ပွင့် ပွင့်လာနိုင်တယ်
ကိုယ့်ကိုကိုယ်ပြန်မြင်နိုင်ဖို့ရာ
လိုနေတာမှန်တစ်ချပ်မဟုတ်ခဲ့တာတော့
အသေအချာ ။
ကျေကျေ နပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ ။။
အိုင်လွယ်ပန်
(ရေးဖြစ်အောင် TAG သော အစ်မ အိန္ဒြာ ကို ကျေးဇူးတင်ပါသည် :D)
Green Bean And Asparagus Tempura Recipe
6 years ago




11 comments:
ကျေကျေ နပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ ။။
တစ်သက်လုံးအတွက် မှတ်သွားပြီ ကဗျာဆရာရေ =)
ကျေကျေ နပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ ။။
တစ်သက်လုံးအတွက် မှတ်သွားပြီ ကဗျာဆရာရေ =)
တကယ်တမ်း ပြီးဆုံးကြရမယ် ဆိုတော့လည်း အတူတူ ပေါ့ဗျာ...။
အိုင်လွယ်ရေ..
အမကလည်း သေသေချာချာလေးပြန်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။
ဒီအချိန်မှာ ဒီသတင်းဖြစ်ခဲ့တယ် ဆိုတာအတွက် အမှတ်တရ..သက်သက်ပါ အိုင်လွယ်ရေ...
အိုင်လွယ် ဒီလ အိုင်ဒီယာမှာ ကဗျာပါတယ် မုန့်ဝယ်ကျွေး
ကျေကျေ နပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ..
လက်တွေ့ကျလိုက်တဲ့ ခံယူချက်ပါပဲ..
အဲ့ဒီစိတ်ဓါတ်လေး ယူသွားတယ်ဗျာ..
ကိုရင်နော်
အတူရှိနေချင်တဲ့သူက သူငယ်ချင်းလို မိဘလို ဖြစ်နေတဲ့ ချစ်သူ ရထားတော့ ကံကောင်းတာပေါ့...
ကဗျာလေးလည်း ကြိုက်တယ်...
mie nge
ကျေကျေ နပ်နပ်
အိပ်ပျော်နေတာပါ
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ..
ကျုပ်လည်း အဲဒီအပိုဒ်ကို ကြိုက်တယ်။ အခုမှ ဒီကဗျာဖတ်ဖူးတာ။
ရေလည်ခင်တဲ့..
မိုးမောင်
ငါသွားရမယ့်အလှည့်ဆိုရင်
ငါ့ကိုခေါ်ပါ...
.......................
ကဗျာလေးတော်တော်ကောင်းတယ်...
ကဗျာလေးကို နှစ်သက်မိတယ်..
သူငယ်ချင်းရေ
ရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်...
ကဗျာလေးကိုလဲ သဘောကျတယ် သိလား...
ကျေကျေနပ်နပ်ပဲ အိပ်ပျော်နေတာ ကောင်းပါတယ်...
နှင်း
Post a Comment