အရေးများတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ
ထုသားပေသားကိုကျလို့
အဖြူရောင်တွေဖွေးနေတာကလွဲရင်
ဖြစ်တည်မှုဟာ ဘောင်တစ်ခုထဲသပ်သွင်းထားသလို
ထောင့်ချိုးအချိုးခံနေရတုန်း။
အလွမ်းတွေဟာ အပျော်တွေဖြစ်လို့
အပျော်တွေဟာ အလွမ်းတွေဖြစ်လို့
တစ်နှစ်ပတ်လုံးမှာ တစ်ကြိမ် လာလာလှုပ်နှိုးဖို့
ရာသီရဲ့ သန်သန်မာမာလက်တွေဟာ
ငါ့နာမည်ကို
ဖြစ်သလို စာရင်းတို့ခဲ့လိုက်ကြတယ် ။
ဒီလိုနဲ့
ဘယ်တော့မှမရိုးနိုင်ဘူးဆိုတဲ့
ပါးစပ်တွေ အတွက်
ငါဟာ
မနေနိုင်မထိုင်နိုင် ကိုယ့်ကိုကိုယ်ပြန်ပြန်ထူမတ်
..........
...........
ခက်ပြီ………
နှင်းဖွဲဖွဲကျနေခိုက် ...။။
အိုင်လွယ်ပန်
(၅.၁၂.၂၀၀၈)
ဘဝ
4 months ago
5 comments:
ဒီတစ်နှစ်ဒီဇင်ဘာက
နှင်းမှုန်တွေမပါဘူး
မှတ်တမ်းမှတ်ရာမဲ့ရက်စွဲများအရ
ဒီ .. ဒီဇင်ဘာရဲ့ နက္ခတ်က
ပူတယ်...
ကမ္ဘာ့မြောက်ဖက်ခြမ်းက နှင်းမှုန်နှင်းငွေ့တွေကို
စိတ်နဲ့ခေါ်ယူအေးမြကြည့်နေမိ
ခုထိ ..
တမျှော်တခေါ် အလွမ်း တွေနဲ့
ဝိုးဝါးနေခဲ့တုန်း ...
အဖြူရောင်တွေဖွေးနေတာကလွဲရင်
ဖြစ်တည်မှုဟာ ဘောင်တစ်ခုထဲသပ်သွင်းထားသလို
ထောင့်ချိုးအချိုးခံနေရတုန်း။
း)))
ကျုပ်တို့ အမြဲချစ်တဲ့ ဒီဇင်ဘာ
မှတ်မှတ်ရရ မေ့မေ့လျော့လျော့ တစ်နှစ်ပြီးတစ်နှစ်
အဖြူရောင်တွေ ဘောင်သွင်းခံနေရတုန်းပဲ
ဒီဇင်ဘာ ဆိုရင် နှင်းကျတဲ့ နေရာကို သွားချင်နေတယ်..
Post a Comment