အိပ်မပျော်သူတစ်ယောက်ရဲ့
ညဉ့်တာကအမြဲလိုလိုရှည်လျား
နာကျင်မှုတွေများခဲ့တယ်…………….
ကစားပွဲတိုင်းမှာ
ထမင်းမစားဟင်းမစားဖြစ်ခဲ့ရတဲ့ကောင်
ကျောက်တုံးမှာပေါက်တဲ့
အမြစ်မခိုင်သစ်ပင်လို
စပျိုးလိုက်ကတည်းကယိုင်နဲ့နဲ့……………
အထုအထောင်း အဖြတ်အတောက်
ထည်လဲခံခဲ့ပြီးကာမှ
လှမလာတဲ့ကျောက်ဆစ်တရုပ်
လောကဓံပန်းပုဆရာကို
ငြိုးမာန်မဖွဲ့ခဲ့ပါဘူး
သမရိုးကျထက်နည်းနည်းပိုဖယ်ကျဉ်တဲ့
ပတ်ဝန်းကျင်မှာ
သမရိုးကျလေးပဲနေထိုင်ခဲ့………………..
တစ်ခုထဲသောစိတ်ကူးခွက်လေးတစ်လုံးက
ထာဝရမှီတည်ရာအဖော်
အဲဒီခွက်လေးနဲ့ပဲကော်ဖီသောက်
အဲဒီခွက်လေးနဲ့ပဲအရက်သောက်
အဲဒီခွက်လေးကိုပဲရောင့်ရဲမှုတွေလိမ်းကျံ
အဲဒီခွက်လေးနဲ့ပဲကဗျာတွေအပြည့်ထည့်ပြီး
ရနံ့တွေရှိုက်နမ်း
ဖြတ်သန်းလာလိုက်တာ…………………….
ဒီနေ့…………….
ခွက်ကလေးကကျွန်တော့်ကို
စကားပြောတယ်
အံ့သြမှုတွေနဲ့ကျွန်တော်
စကားပြန်ပြောဖို့ကြိုးစားလိုက်တော့
စကားမပြောတာကြာမြင့်ခဲ့လို့ထင်ရဲ့
အလိုလို
ဆွံ့…..အ…..နေ…….ခဲ့………………….
ကျွန်တော်စကားမပြောတတ်တော့ပါဘူး………………….။။။
အိုင်လွယ်ပန်
ဘဝ
2 months ago
4 comments:
အပယ်ခံလေးက နောက်ဆုံးစကားမပြောတက်တော့ဘူးဆိုတော့ သနားစရာပဲ ။
ကျွန်တော်လည်း ကဗျာဖတ်ပြီး
ဆွံ....အ ....သွာ...ခဲ့.. ပါ..တယ်ဗျာ ။
အဲ့ဒီခွက်ကလေးနဲ့ပေါ့ဗျာ...။ ကျွန်တော်လည်း.....
ကျွန်တော်လဲ ကွန်မန့် မပေးတတ်တော့ပါဘူး :)
Post a Comment