အပူစုပ်တဲ့
အရာတွေထဲမှာ
လူဆိုတာထိပ်ဆုံးကပါတယ်
ဘယ်ကမ္ဘာမှာမှ
အိပ်မက်မပြိုဖူးတဲ့ကောင်းကင်မရှိဘူး
ယုံပါ…………..
ပေးသလောက်မရခဲ့ဘူးဆို
ရသလောက်ပြန်ပေးခဲ့ဖူးပါသလား
မခေါ်ပါနဲ့ကွယ်
မလာချင်တဲ့ကံကောင်းခြင်းတွေကို
အဲသမှာ
ဖူးလာစဉ်မှာပဲ
ပွင့်လွှာတွေကစုတ်ပြဲကောင်းပြဲမယ်
တကယ်မြတ်နိုးရင်တော့
ရှိုက်…..နမ်း…..ပေါ့………
ဆူးချက်တွေအကြောင်းကို
မေ့ထားကြရအောင်
ဘဝဆိုတာ
တကယ့်ကိုအရိုးရှင်းဆုံး
ကဗျာတစ်ပုဒ်ပါ
ရင်ထဲကိုရောက်လွယ်တယ်
ပြုံးလွယ်မဲ့လွယ်တယ်
အဲဒီကဗျာရိုးရိုးတစ်ပုဒ်မှာ
အငှားခန္ဓာတွေကိုပြန်မပေးရခင်
ပိတ်ကားအဖွင့်နဲ့အပိတ်လေးကြား
နေသားလေးကျကြရအောင်လားကွယ်
မနက်ဖြန်တိုင်းမှာ
မနက်ဖြန်ရှိပါတယ်………………..။။။
အိုင်လွယ်ပန်
ဘဝ
10 months ago




4 comments:
ကိုအိုင်လွယ်ရေ ကဗျာတွေ အတင်ကျဲပေးမယ့် အပုဒ်တိုင်းဟာ ဖတ်လိုက်တာနဲ့ လေးလေးပင်ပင်ရှိလိုက်တာဗျာ .... ကဗျာကောင်းများဆက်လက်ရေးဖွဲ့နိုင်ပါစေ ..။
ကိုအိုင်း ကဗျာတွေ အရမ်းကောင်းတယ်ဗျာ ဖတ်ရတာ ရှတတလေးနဲ့ ကျနော်လည်း ဒီလိုအရေးသားကျစ်ကျစ်လေးတွေရေးတက်ချင်တယ်
အဆင်အားပေးလျှက် မနက်ဖြန်တိုင်းလှပပါစေ။
အဲဒီမနက်ဖြန်တွေကိုဘဲ
တို့တတွေရူးသွပ်တပ်မက်
နေကြဆဲပါ...........
ဘဲလိုဘဲဖြစ်ဖြစ်မနက်ဖြန်တိုင်းမှာ
မနက်ဖြန်ရှိပါတယ်..........
ကို အိုင်လွယ်ပန် ကဗျာလေးက တော်တော်ကောင်းတယ်ဗျ ထိထိမိမိရှိတယ် အားပေးနေမယ်
Post a Comment