ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ
နာကျင်မှုတွေနဲ့
ငါ့ပန်းသီးကအလိုအလျှောက်ခါးရင်
နင်က………..
အက်ဆစ်ပုလဲဥတွေကိုပဲခြွေခြွေချ
နင်မဖြည်ဆည်ခဲ့တာလည်း
အဲဒီမဖြည်ဆည်မှုပဲ………………….
ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ
မသေချာမှုတွေနဲ့
ငါ့မျှော်လင့်ချက်ရောင်ခြည်ကဝါးရင်
နင်က……….
ကံကြမ္မာကိုပဲပုံပုံချ
နင်မရုန်းထွက်ခဲ့တာလည်း
အဲဒီမရုန်းထွက်မှုပဲ…………………….
ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ
ဆိုးဝါးမှုတွေနဲ့
ငါ့ရဲ့တိမ်သလ္လာတွေကမည်းရင်
နင်က……………
မယုံကြည်ခြင်းကိုပဲကိုင်ကိုင်ပြ
နင်မမြင်နိုင်ခဲ့တာလည်း
အဲဒီမမြင်နိုင်မှုပဲ………………..
ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ
ဆူဝေမှုတွေနဲ့
ငါ့ကဗျာတွေကကြမ်းရင်
နင်က….
နားမလည်မှုကိုပဲလက်ညှိုးထိုးထိုးပြ
နင်နားမလည်ခဲ့တာလည်း
အဲဒီနားမလည်မှုပဲ……
နင့်နာမည်ကို ငါ့ နှလုံးသားမှာမှ
နင်လာရေးသွားတယ်
အဲဒီတုန်းကပေါ့
ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ……………………။။။
အိုင်လွယ်ပန်





4 comments:
ဒီတစ်ခါ ခဏလေး လက်သွားရင်တော့ သူနားလည်သွားပါစေဗျာ ၊
ကိုအိုင်ကဗျာတွေ စောင့်ဖတ်နေတယ်ဗျ ၊ အားလုံးအဆင်ပြေပါစေဗျို့ ..။
ကြယ်ရောင်က ခဏခဏ လက်တာပဲနော့် နောက်ဆုံးအပိုဒ်လေးခိုက်တယ်
ငါ့ နှလုံးသားမှာမှနင်လာရေးသွားတယ် ဘယ်လိုရေးသွားတာလဲ ကိုအိုင်းး)
ကြယ်ရောင်က
ခဏလေးပဲလက်သွားတာ
မောင်းထုတ်ထားတဲ့ဒီမာနတွေက
ခိုးကြောင်ခိုးဝှုက်နဲ့ပြန်ဝင်လာခဲ့ကြတာကိုး......
ဘဝဆိုတာ
တကယ့်ကိုအရိုးရှင်းဆုံး
ကဗျာတစ်ပုဒ်ပါ
ရင်ထဲကိုရောက်လွယ်တယ်
ပြုံးလွယ်မဲ့လွယ်တယ်
အဲဒီကဗျာရိုးရိုးတစ်ပုဒ်မှာ
အငှားခန္ဓာတွေကိုပြန်မပေးရခင်
ပိတ်ကားအဖွင့်နဲ့အပိတ်လေးကြား
နေသားလေးကျကြရအောင်လားကွယ်
မနက်ဖြန်တိုင်းမှာ
မနက်ဖြန်ရှိပါတယ်………………..။။။
အရေးကျဲပေမယ့် ကဗျာတွေ ကောင်းတယ်ဗျာ.....
Post a Comment