ထွက်လာခဲ့
ပါမလာတာတွေကို
တင်းပြည့်ကျပ်ပြည့်ဆုပ်
ပြောင်းပြန်ကြီးမိုးချုပ်ကြတယ်……………….
ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့်………………..
အချိန်စေ့လို့သာပြန်သွားကြ
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…………………….။။။
အိုင်လွယ်ပန်
ပါမလာတာတွေကို
တင်းပြည့်ကျပ်ပြည့်ဆုပ်
ပြောင်းပြန်ကြီးမိုးချုပ်ကြတယ်……………….
ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့်………………..
အချိန်စေ့လို့သာပြန်သွားကြ
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…………………….။။။
အိုင်လွယ်ပန်
8 comments:
ကောင်းလိုက်တဲ့ သံဝေဂလေးဗျာ....
ဇာတိ ဇရာ ဗျာတိ မရဏ...
ဒါပါပဲလေ...
ပြီးပြီဆိုရင် ဘာမှကိုမကျန်တော့ဘူး..
သေချာဖတ်တော့မှ သဘောပေါက်တယ် တရားသဘောနဲ့  လူသားတစ်ယောက်ရဲ့အကြောင်းလေးပဲ သိပ်ကောင်းပါတယ် ကျေးဇူး ကိုအိုင်းးး
ကောင်းတယ် ကိုအိုင် ရေ၊ အကြိုက်ဆုံးကဗျာထဲမှာ ဒီတစ်ပုဒ်ပါ ထည့်ထားလိုက်ပြီ ။
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…။
ဟုတ်ပဗျာ ။ ကောင်းမှုကုသိုလ် ဆိုတာတွေတော့ ယူသွားလို့ ရကောင်းပါ၇ဲ့  ။ :)
ထွက်လာခဲ့
ပါမလာတာတွေကို
တင်းပြည့်ကျပ်ပြည့်ဆုပ်
ပြောင်းပြန်ကြီးမိုးချုပ်ကြတယ်……………….
....................
အချိန်စေ့လို့သာပြန်သွားကြ
ဆုပ်ထားတဲ့လက်များ
ဘာကိုမှယူမသွားလိုက်ကြဘူး…………………….။။။
ဟုတ်ပါတယ်ဗျာ။ နောက်ဆုံးတော့လည်း တစ်ယောက်ထဲဘဲ သွားရမှာဘဲ။ ဘာကိုမှယူသွားလို့ မရပါဘူးလေ။ ကဗျာလေး ကောင်းတယ်။သံဝေဂ ရစရာလေး။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကဗျာလေး ကောင်းလိုက်တာဗျာ။
ငိုရီ ငိုရီနဲ့ပဲ
မိုးနဲ့မြေကြီးကြား
တစ်လိမ့်ပြီးတော့နောက်ထပ်တစ်လိမ့်………………..
ကောင်းတယ်ဗျာ
Post a Comment