ဝန်စည်စလယ်တွေများလာတော့
အကျိုးနဲ့အကြောင်းကိုက
နွေဦးရာသီဆန်လာ
ဝေးဝေးသို့ပြေးထွက်စီးဆင်း
ခရီးရှည်သလောက်
မောပန်းနွမ်းခွေကြ သူသူငါငါ ………………..
ရူးသွပ်မှု အိပ်မက်တစ်ခုဆိုတာ
ခင်ဗျားသမိုင်းမှာ
ခင်ဗျားကိုယ်တိုင်ဖွင့်လိုက်ရမဲ့ စာရင်းရှင်
ဒါမှမဟုတ် စာရင်းသေ …………………….
အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …………………………….။။။
အိုင်လွယ်ပန်
ဘဝ
10 months ago




16 comments:
အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
အင်း အတွေးတွေ အများကြီးပွားစေတဲ့ စကားလုံး အစုအဖွဲ့လေးပါပဲ..။
ဟုတ်ပါ့...
လာလမ်းအတိုင်းပြန်မရတဲ့ မြစ်ဟာ
ကိုယ်တိုင် ဖြစ်နေပါပေါ့...
ကဗျာလာဖတ်ပါတယ်ဗျာ ။ ကျွန်တော်တို့ ဆက်စီးကြတာပေါ့ :)
စားရင်းရှင် စားရင်းသေ သိပ်လှတဲ့  အသုံးလေးပဲဗျာ ။
ကြိုးစားခံစားသွားတယ် ကိုယ့်ဆရာ ။
အာပါး အရည်ဝင်နေလို့လားမသိဘူး ၊ စကားလုံးတိုင်းက မိုက်နေတယ်ဗျာ ။
အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ
ကျနော် ဒီလိုဖြစ်နေတယ် ကိုအိုင် :)
မချိပြုံးဗျ အဟဲ :)
ကောင်းလိုက်တဲ့ကဗျာလေး...
လာလမ်းအတိုင်း
ပြန်လို့မရတော့တဲ့
မြစ်....ပါဘဲလေ..
ကဗျာကြိုက်တယ်ညီလေးရာ
အဲ့...ကျနော်တို့စိတ်ထဲကို ဘယ်လိုလုပ်များသိနေပါလိမ့်
“အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …”
ရိုအီနေတာ တော်တော်ကိုကြာပြီး တစ်ဖြည်းဖြည်းနဲ့ နီးလာသလားလို့း) ကိုညိမ်းညိုကလည်း နေရဲ သေရဲဖို့လိုတယ်ဆိုတော့ ဒီကဗျာဆရာတွေနော် :P
ရူးသွပ်မှု အိပ်မက်တစ်ခုဆိုတာ
ခင်ဗျားသမိုင်းမှာ
ခင်ဗျားကိုယ်တိုင်ဖွင့်လိုက်ရမဲ့ စာရင်းရှင်
ဒါမှမဟုတ် စာရင်းသေ
ကောင်းလိုက်တာဗျာ။
သေချာတာပေါ့...
လာလမ်းအတိုင်း အတိုင်းလှည့်ပြန်လို့..မရတဲ့..
မြစ်ပါပဲ
မြစ်တစ်စင်း
စီးဆင်းလိုက်တဲ့.....ဂီတသံကိုကြားလိုက်ရဲ့
အတွေးလေးကိုရော........
စကားလုံးအခင်းအကျင်းတွေကိုရော......
အလေးပြုသွားပါတယ်..မောင်လေး...
အိန္ဒြာ
အော်.. ဘ၀ ဘဝ
ကဗျာဖတ်ပြီး လူတောင် မလုပ်ချင်တော့ဘူး ။ သတိလက်လွတ်ဖြစ်နေတာတွေ မီးမောင်းထိုးပြလိုက်တာကိုး ။
တခါတခါကျတော့လည်းဗျာ မသိချင်ယောင်ဆောင်ပြီး မခံစားတာပိုကောင်းတယ်
အသက် အလုပ်အကိုင် နေရပ်လိပ်စာ
ဘဝဟာ လူကိုပြန်ပြီး ရိုးအီလာ
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ ……………
ကောင်းလိုက်တဲ့စာသားလေး
ကိုအိုက်ရေ ကဗျာလေး အရမ်းကြိုက်တယ်
အတွေးလေးကောင်းတယ်ဗျာ ကောင်းသောနေ့ပါ :)
မြေပုံကိုဖြန့်ချလိုက်တော့
လာလမ်းအတိုင်း
ပြန်လို့မရတော့ပါ …………………………….။။။
အဲဒီနေရာလေး က ရင်ဘတ်ထဲကိုတိုက်ရိုက်ထိတယ်အစ်ကို
ကျွန်တော်တို့ပြန်လို့မရတော့ဘူး
ကျိုးကျိုး ပဲ့ပဲ့ တိုက်တိုက် ခိုက်ခိုက် ရင်တစ်စုံ လွင့်ပျက်ခဲ့ရင်တောင် ဆက်စီးကြရတော့မှာပေါ့...
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment