ဖြေဆည်တိုင်းသာပြေမယ်ဆို
ငါ့တမ်းတမှုတွေကို
ဟာသ လုပ်ပစ်လို့ရမယ် .................
ပတ်သတ်ထိတွေ့ခဲ့သမျှ
ခါးသက်မှုတွေကို
ချိုမြိန်ပစ်လိုက်ချင်မိခဲ့
မျက်ကန်းတောတိုးမှုတွေက
နင့်နင့်နဲနဲ ခုန်တဲ့ရင်နဲ့ ဘဲစားဘဲကြေ
ရောင်ပြန်မဟပ်နိုင်တဲ့ အကြင်နာမှန်တစ်ချပ်ရေ
အဲသမှာ
တစ်ခရီးစာလုံး ငေးရုံသက်သက် ........................
စိတ်အပင်ပေါက်တို့ ရှင်သန်ရင့်မာလာတာနဲ့အမျှ
စိတ်မိုးတွေကသည်း
အနေအထိုင်မတတ်တဲ့
ဘယ်ဘက်ရင်အုံကလည်း
အလုပ်တော့လုပ်ပါရဲ့
နာမည်တစ်လုံးကို အထပ်ထပ်ရွတ်ဖတ်ဖို့လောက်သာ ...............
ဘယ်ဘဝအဆက်ဆက်က
အကြေအလည် မပေးဆပ်ခဲ့မှုပါလဲ
အသည်းအသန် အာသီသမှာ
အရိပ်တွေ သွပ်သွင်းဝင်ရောက်ခဲ့ကြ
ပြောတယ်
ဖြေဆည်တိုင်းသာပြေမယ်ဆို
ငါ့တမ်းတမှုတွေကို
လုပ်ပစ်လိုက်ပေါ့ ဟာသ
အခုတော့
အလွမ်းတို့ဟာ ရာသီပတ်လုံး
သူ့ကဗျာနဲ့သူ တစ်သွေးတစ်မွေး
ငါအခုရေးမိလိုက်ပြီ ............။။။
အိုင်လွယ်ပန်
ဘဝ
4 months ago
10 comments:
ကိုအိုင်ရေ အကြွေးတွေ ကျေအောင်ဆပ်ဦး :)
ဖြေဆည်တိုင်းပြေသာပြေမယ်ဆို ငါ့တမ်းတမှု့တွေ လုပ်ပစ်လိုက်ပေါ့ ဟာသ
:)
တမျိုးလေးပဲ အချပိုဒ်လေးအရမ်းလှတယ် ကောင်းသောနေ့ပါ :)
လှတယ်ကွာ ...အပိုဒ်တိုင်းမှာ ထိမိတာတွေကြည့်ပဲ
နာမည်တစ်လုံးတည်းရွတ်တာ
တစ်ခရီးစာလုံးငေးနေတာ
တစ်သွေးတစ်မွေးနဲ့
ရေးနေတာ ပတ်ဝန်းကျင်ဘယ်လိုပြောင်းပြောင်း
အိုင်လွယ်တို့ကဗျာရေးတာတော့ မပြောင်း
ပြောခဲ့သလိုပေါ့ ....
လောကမှာ..ဟာသတိုင်းရယ်ရတာမဟုတ်သလို
ရယ်ရတိုင်းလည်းဟာသဖြစ်မလာခဲ့ဘူး............
ခါးသက်မှုတွေကို
ချိုမြိန်ပစ်လိုက်ချင်မိခဲ့
အဲလိုဆို ကောင်းမယ်နော်... ကဗျာလေးကကောင်းလိုက်တာ.
အိုင်လွယ်ရေ...
ရှိုက်သံတစ်ဝက်နဲ့ ရယ်မောရမယ့်ဟာသမျိုးက...
ဘယ်ဘက်ရင်အုံအောက်မှာ...ပိုပြီး..နာစေရဦးမှာပေါ့...
ကောင်းလိုက်တဲ့ကဗျာကွယ်
စိတ်အပင်ပေါက်တို့ ရှင်သန်ရင့်မာလာတာနဲ့အမျှ
စိတ်မိုးတွေကသည်း
ဟုတ်တယ်
စိတ်မိုးတွေသည်းနေလိုက်တာ..။
“ဘယ်ဘက်ရင်အုံကလည်း
အလုပ်တော့လုပ်ပါရဲ့
နာမည်တစ်လုံးကို အထပ်ထပ်ရွတ်ဖတ်ဖို့လောက်သာ ”
တစ်ခေါက်ဖတ်ရုံနဲ့  တသသဖြစ်သွားရတဲ့ စာလေးပါ။
ခါးသက်မှုတွေနဲ့ ပေါက်ကွဲမှုတွေ၊ အလိုမကျမှုတွေနဲ့ ပေါက်ကွဲမှုတွေ၊ အဆင်မပြေမှုတွေနဲ့ပေါက်ကွဲမှုတွေ၊ ဒီလိုပေါက်ကွဲထွက်လာတဲ့ အူသံတွေကိုကြိုက်နေကြပါ။ အဆင်ပြေပါစေ ငါ့ညီရေ...
အခုတော့
အလွမ်းတို့ဟာ ရာသီပတ်လုံး
သူ့ကဗျာနဲ့သူ တစ်သွေးတစ်မွေး
ငါအခုရေးမိလိုက်ပြီ ............။။။
ကဗျာတပုဒ်လုံးသိပ်ကောင်းတယ်ညီရေ့...အဲဒီနောက်ဆုံးအပိုဒ်ကလေးကို
ပိုပြီးငြိသွားတယ်
ဘယ်လို ကောင်းလဲ မပြောတတ်တော့အောင်ပဲ ကိုအိုင် ။
Post a Comment