ပြန်လာမယ်မလာဘူး မရေရာလို့
နှုတ်ဆက်မှုတွေ
ချိန်းဆိုမှုတွေ လုပ်မနေတော့ဘူး .............
နှစ်ထပ်ရှိ မှ မဟုတ်ပါဘူး
ရင်ဘတ်နဲ့သာ တည့်နေပစေ
ရိပ်ကနည်း ဖြတ်ပြေးသွားလည်း
မှတ်မိကြမယ် ................
"က"
"ယ"
"ဒ"
"င်" ..................
ရေရေရာရာမရှိတဲ့နောက်
သိပ်များနေတဲ့ မရေရာမှုတွေကိုသာ
ရေတွေရာနဲ့ချီပြီး လောင်းနေမိတော့တယ် .....................
ရတုန်း ရခိုက် ထရေးလိုက်တဲ့ ဝှက်စာပါ
အဲဒီအထွာဟာ
မရေရာတဲ့ ငါ့လက်နဲ့ပဲ
(ရေရာလို ရေရာငြား)
ထွာသွားခဲ့တယ် ဆိုတဲ့အကြောင်း ..........................။။။
အိုင်လွယ်ပန်
ဘဝ
5 months ago




13 comments:
“အဲဒီအထွာဟာ
မရေရာတဲ့ ငါ့လက်နဲ့ပဲ
(ရေရာလို ရေရာငြား)
ထွာသွားခဲ့တယ် ဆိုတဲ့အကြောင်း ....”
ထွာသွားခဲ့တယ်။ ထွာသွားခဲ့တယ်။
ကဗျာဆရာရဲ့  မြန်မာစာကို အရမ်းသဘောကျမိပါတယ်။
လက်တွေ့ဘဝမှာ အဲဒါမျိုးတွေကြုံခဲ့ဘူးတယ်။ ဘာမှမပြောပဲ ကြည့်နေလိုက်တာပေါ့ ရေရာ မရေရာ သေမှမသေချာတာပဲ
လက်တွေ့ဘဝမှာ အဲဒါမျိုးတွေကြုံခဲ့ဘူးတယ်။ ဘာမှမပြောပဲ ကြည့်နေလိုက်တာပေါ့ ရေရာ မရေရာ သေမှမသေချာတာပဲ
သိပ်များနေတဲ့ မရေရာမှုတွေကိုသာ
ရေတွေရာနဲ့ချီပြီး လောင်းနေမိတော့တယ်..
အားပါး..ကောင်းလိုက်တာ..မိုက်တယ်ညီရေ့
ရေရာလို ရေရာငြားထွာသွားတယ်ဆိုတဲ့အကြောင်းကို သေချာတဲ့ခေါင်းနဲ့တွေးနေမိတော့ သေချာတာတွေလည်းရှိ မသေချာတာတွေကိုလည်းသိနေရတာပေါ့ညီလေးရာ
ကိုလွယ်ပန်ကျနော်လည်း ကူထွာပေးမယ်ဗျာ
နှစ်ထပ်ရှိ မှ မဟုတ်ပါဘူး
ရင်ဘတ်နဲ့သာ တည့်နေပစေ
ရိပ်ကနည်း ဖြတ်ပြေးသွားလည်း
မှတ်မိကြမယ် .. တအားကို သဘောကျတယ်ဗျာ ဒီစာသားလေးကို ။ ကဗျာတွေ ဝေနေတာပဲ ကိုအိုင် သင်္ကြန်မို့ ထင်တယ် ။ :)
နောက်ဆုံးပိုဒ်လေးကောင်းလိုက်တာ
အိုင်လွယ်ရေ....
င် ပဲဖြစ်ဖြစ် က ပဲဖြစ်ဖြစ် ဒ ပဲဖြစ်ဖြစ် ယ ပဲဖြစ်ဖြစ်....
ကိုယ့်စာလုံးပေါင်းမှာ..အသုံးတည့်သလိုယူလိုက်တော့..
ကြိုးညှိမရတဲ့ ဂစ်တာတွေဟာ...
သံကြောင်တွေပဲထွက်ကျတယ်
ကဗျာလေး အရမ်းလှတယ်ကိုအိုင်ရေ ..ကောင်းသောနေ့ဗျာ :)
ရင်ဘတ်နဲ့သာ တည့်နေပစေ
ရိပ်ကနည်း ဖြတ်ပြေးသွားလည်း
မှတ်မိကြမယ် ................
သိပ်သေချာတယ် ကိုအိုင်..
မှတ်မိလွန်းလို့ ခက်နေတာပါ..။
What a wonderful poem! Excellent words. I think your Myanmar language is so sensational.
Again, tough poem. I like every verse. Yap, dude. I would not do any appointment.
Happy new year!
း)
ကဗျာလေး တွေ လာဖတ်တိုင်းတစ်ခု
မဟုတ်တစ်ခုတော့ ကျန်ခဲ့ရတာ ပဲ..။
ခင်မင်လျက်
မောင်ငရ်
ကဗျာဖတ်ရင်း ဝက်စာဖော်ကြည့်တာ ခေါင်းစားပြန်သွားတယ် ကိုယ့်လူ... အဆင်ပြေအောင်နေဗျာ...။ အဆင်ပြေပါစေ...။
Post a Comment